ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ တောင်ပိုင်းရပ်ကွက် (နန်းဟူးကုန်း) တွင် (၇-၄-၂၀၁၉) ရက်နေ့၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁) စု လေဘေးသင့်ခဲ့ပြီး ဘေးသင့်အိမ်ထောင်စု (၁) စုမှ လူဦးရ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၂၆၀၀) ကျပ်၊ ရန်ပုံငွစုစုပေါင်း (၁၀၂၆၀ဝ) တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘော်လခဲခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၄-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#kyn_apr2019 Source: ဘော်လခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)