လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အရိုးပုံကျေးရွာအုပ်စု၊ အရိုးပုံရွာဟောင်းနှင့် တံတားဦးကျေးရွာတို့ရှိ နေအိမ်များသို့ လေပြင်းဘေးဒဏ် ခံနိုင်စေရန် အမိုး၊ အကာများ ပြုပြင်ခြင်း များဆောင်ရွက်ရေးအတွက် ကဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ရှင်သန်ခြင်းတွဲလက် ပရဟိတအသင်းအဖွဲ့ဝင်များတို့နှင့်ပူးပေါင်း၍ နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

# ar_sgw

# bgo_apr2019

 

Sign Up

Upcoming Events