၁။ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၈)ရက်နေ့၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီ၊ ကျွန်းလှ၊ ယင်းမာပင်၊ တန့်ဆည်၊ မော်လိုက်၊ ကသာ၊ ကန့်ဘလူနှင့် ကောလင်းမြို့နယ်တို့တွင် နေအိမ်(၄၀၀)လုံးခန့်နှင့် ဘာသာ ရေးအဆောက်အဦ(၇)လုံး အမိုးအကာများ ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။
၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးမှုများကြောင့် ဘေးသင့်ပြည်သူ များအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုှုှဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးမှူးရုံးများမှတာဝန်ရှိသူများက (၉-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်နေရာများသို့ အမြန်ဆုံး သွားရောက်ထောက်ပံ့ပေးလျက်ရှိရာ ငွေသားနှင့် ပစ္စည်းစုစုပေါင်း ကျပ်(၂၃)သိန်းကျော် ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက် ဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။
၃။ ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နွေရာသီကာလမတ်လနှင့်ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ လေပြင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ဖြစ်ပွားတတ်သဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန တွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း လည်း သိရှိရပါသည်။
#ha_sgw
#sgg_apr2019
Source: DDM