လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုနှင့် အသိပညာပေး ဗွီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း

10_Pic_01 10_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၄.၂၀၁၉)ရက်နေ့၌ ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာ အုပ်စုမှ ခိုင်ခံ့မှုအားနည်းပြီး ဆင်းရဲနွမ်းပါးသည့် အဘိုးအဘွားများ နေအိမ်၊ မိသားစုဝင်များပြားပြီး ဆင်းရဲနွမ်းပါးသည့် နေအိမ်များ၊ စုစုပေါင်းနေအိမ် (၃၀) လုံးအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ရွေးချယ်ခဲ့ပြီး နေအိမ်များမွမ်းမံ ပြင်ဆင်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ လေပြင်းဘေး အသိပညာပေးဗွီနိုင်းပိုစတာ စိုက်ထူခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#ar_sgw
#ayy_apr2019
Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events