Category Archives: News
-
ကသာမြို့နယ်အတွင်း လေဘေးနှင့် ကမ်းပြိုဘေးအတွက်ထောက်ပံ့မှုသတင်းများ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကသာမြို့နယ်၊ ကျေးရွာများတွင် (၈-၄-၂၀၁၉) ရက်နေ့၌ လေဘေးကြောင့် အမိုးလန်အိမ် (၁၇) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၂၅၀၀၀) ကျပ်၊ ပြိုလဲအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်နှင့် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာတွင် (၈-၄-၂၀၁၉) ရက်နေ့၌ ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၂) စုအတွက် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူရုံးမှတာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ကွမ်းအစ်ကုန်းကျေးရွာအုပ်စု၊ ဝန်ထောက်ကွင်းကျေးရွာတွင် (၂-၄-၂၀၁၉) နေ့၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးသင့်မှုကြောင့် အိမ်ခြေ (၃) လုံးလေဘေးသင့်ခဲ့ရပြီး ၊ ၎င်းအိမ် (၃) လုံးရှိ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၈) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ပလတ်စတစ်ဖျာ Care Myanmar (၃) အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၆၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၆၈၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူရုံးမှတာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ဆုံလဲကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာတွင် (၂-၄-၂၀၁၉) ရက်နေ့၌ မီးဘေးသင့်မှုကြောင့် အိမ်ခြေ (၁) လုံးပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းနေအိမ်မှ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးနှင့် ပလတ်စတစ်ဖျာ Care Myanmar (၁) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၈၄၀၀) ကျပ်ကို လည်းကောင်း ( ၉-၄ … Read more
-
မြန်အောင်မြို့နယ်အတွင်းလေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၅) စုမှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့်နေအိမ်(၄၅၀) လုံးအားရွေးချယ်ပြီး နေအိမ်များမွမ်းမံပြင်ဆင်မှုဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၉-၄-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေးများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား အသေးစိတ် ဆွေးနွေးညှိုနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw #ayy_apr2019Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် မွန်ပြည် နယ်၊ သထုံခရိုင်၊ (၁၀-၄-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန် ထိ စစ်တောင်းကျေးရွာ၊ ကျိုက္ကလွန်ပွန်း ဓမ္မာရုံ၌ လူဦးရေ(၁၅၅)ဦးခန့်အား မြို့နယ် သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ရာ ပြည်သူလူထုများစိတ်ဝင်စား စွာ တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #mon_apr2019 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကြံခင်းမြို့နယ်အတွင်းလေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ဆွေးနွေးညှိနှိုင်းခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈) စုမှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့်နေအိမ် (၂၄၀) လုံး အားရွေးချယ်ပြီး နေအိမ်များမွမ်းမံပြင်ဆင်မှုဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၉-၄-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေးများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြို တင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား အသေးစိတ် ဆွေးနွေးညှိုနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာ(၆)ရွာတွင် (၈-၄-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် (၄၃)အိမ်၊ ဘုန်ကြီးကျောင်း(၂)ကျောင်း အမိုးလန်ပျက်စီးမှုကြောင့် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး (ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်၊ ဆပ်ပြာ) (၄၃)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁,၃၆၅,၀၀၀)အား (၉-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စု (အထက်ကုန်းကျေးရွာနှင့် တဲတန်းကျေးရွာ ) တို့တွင် (၅-၄-၂၀၁၉) နေ့၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၁၅) လုံး၊ ၎င်းအိမ်ထောင်စု (၁၅) စုရှိ လူဦးရေ (၅၆) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ပလတ်စတစ်ဖျာ Care Myanmar (၁၅) အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၁၇၆၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဝန်တင်ကျေးရွာအုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများနှင့် အတူ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ဝန်တင်ကျေးရွာ အုပ်စု၊ ဝန်တင် ကျေးရွာ၌ (၈.၄.၂၀၁၉) ရက်နေ့၊ နံနက်(၁ရး၅၀) အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး၊ အမိုးလန် ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၉)လုံးတွင် အိမ်ထောင်စု (၉)စုမှ ကျား (၁၉)ဦး မ(၂၇)ဦး၊ စုစုပေါင်း(၄၆)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၉,၉၀၀/-) ကျပ်နှင့် နေအိမ်ပြိုကျခဲ့သော အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါပလပ်စ တစ်ပုံး(၁) … Read more
-
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သောက်သုံးရေပေးဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ ချောင်းဆင်း(တဲတိုက်)၊ ကြာကန်ကျေးရွာ(ကွက်သစ်ပိုင်း)ရှိ ပြည်သူများ သောက်သုံးရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၁၅)လုံး၊ အိမ်ထောင်စု (၁၂၅)စု၊ လူဦးရေ(၆၂၀)ဦးခန့် အတွက် သောက်သုံးရေ ဂါလံ (၆၀၀၀) ကို (၁၀-၄-၂၀၁၉)ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် သွားရောက်ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။









