လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူရုံးမှတာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ဆုံလဲကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာတွင် (၂-၄-၂၀၁၉) ရက်နေ့၌ မီးဘေးသင့်မှုကြောင့် အိမ်ခြေ (၁) လုံးပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းနေအိမ်မှ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၄) ဦးတို့အတွက်
ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးနှင့် ပလတ်စတစ်ဖျာ Care Myanmar (၁) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၈၄၀၀) ကျပ်ကို လည်းကောင်း
( ၉-၄ -၂၀၁၉) ရက်နေ့တွင် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_fir
#ayy_2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)