လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် မွန်ပြည် နယ်၊ သထုံခရိုင်၊ (၁၀-၄-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန် ထိ စစ်တောင်းကျေးရွာ၊ ကျိုက္ကလွန်ပွန်း ဓမ္မာရုံ၌ လူဦးရေ(၁၅၅)ဦးခန့်အား မြို့နယ် သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ရာ ပြည်သူလူထုများစိတ်ဝင်စား စွာ တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#ar
#mon_apr2019
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)