လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူရုံးမှတာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ကွမ်းအစ်ကုန်းကျေးရွာအုပ်စု၊ ဝန်ထောက်ကွင်းကျေးရွာတွင် (၂-၄-၂၀၁၉) နေ့၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးသင့်မှုကြောင့် အိမ်ခြေ (၃) လုံးလေဘေးသင့်ခဲ့ရပြီး ၊ ၎င်းအိမ် (၃) လုံးရှိ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၈) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ပလတ်စတစ်ဖျာ Care Myanmar (၃) အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၆၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၆၈၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၇၆၈၀၀) ကျပ်ကို လည်းကောင်း ( ၉-၄ -၂၀၁၉) ရက်နေ့တွင် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စား လှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events