ကြံခင်းမြို့နယ်အတွင်းလေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ဆွေးနွေးညှိနှိုင်းခြင်းသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈) စုမှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့်နေအိမ် (၂၄၀) လုံး အားရွေးချယ်ပြီး နေအိမ်များမွမ်းမံပြင်ဆင်မှုဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၉-၄-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေးများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြို တင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား အသေးစိတ် ဆွေးနွေးညှိုနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw
#ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events