လေဘေးအတွက် ထောက်ပံ့မှုသတင်း

10_Pic_01 10_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဝန်တင်ကျေးရွာအုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများနှင့် အတူ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ဝန်တင်ကျေးရွာ အုပ်စု၊ ဝန်တင် ကျေးရွာ၌ (၈.၄.၂၀၁၉) ရက်နေ့၊ နံနက်(၁ရး၅၀) အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး၊ အမိုးလန် ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၉)လုံးတွင် အိမ်ထောင်စု (၉)စုမှ ကျား (၁၉)ဦး မ(၂၇)ဦး၊ စုစုပေါင်း(၄၆)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၉,၉၀၀/-) ကျပ်နှင့် နေအိမ်ပြိုကျခဲ့သော အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါပလပ်စ တစ်ပုံး(၁) ပုံး အားလည်းကောင်း၊ နေအိမ်အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု(၈)စု အတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး အားလည်းကောင်း၊ ပျက်စီးဆုံးရှုံးခဲ့သောအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၇၀,၀၀၀/-)ကျပ် စုစုပေါင်း (၅၆၆,၆၀၀/-)ကျပ်ကို (၉.၄.၂၀၁၉) ရက်နေ့ မွန်းလွဲ(၁၅း၀၀)နာရီတွင် ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgw_apr2019
Source:   ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events