ကသာမြို့နယ်အတွင်း လေဘေးနှင့် ကမ်းပြိုဘေးအတွက်ထောက်ပံ့မှုသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကသာမြို့နယ်၊ ကျေးရွာများတွင် (၈-၄-၂၀၁၉) ရက်နေ့၌ လေဘေးကြောင့် အမိုးလန်အိမ် (၁၇) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၂၅၀၀၀) ကျပ်၊ ပြိုလဲအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်နှင့် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာတွင် (၈-၄-၂၀၁၉) ရက်နေ့၌ ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်းဖိုး (၁၀) မျိုး (၂) အိမ်ထောင်စာ၊ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၁၆၈၀၀) တို့အား (၁၀-၄-၂၀၁၉) ရက်နေ့တွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ # ha_rbe
#sgg_apr2019Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events