လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စု (အထက်ကုန်းကျေးရွာနှင့် တဲတန်းကျေးရွာ ) တို့တွင် (၅-၄-၂၀၁၉) နေ့၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၁၅) လုံး၊ ၎င်းအိမ်ထောင်စု (၁၅) စုရှိ လူဦးရေ (၅၆) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ပလတ်စတစ်ဖျာ Care Myanmar (၁၅) အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၁၇၆၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၆၁၇၆၀၀) ကျပ်ကို လည်းကောင်း ( ၉-၄ -၂၀၁၉) ရက်နေ့တွင် ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_rbe
#ayy_apr2019Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)