Category Archives: News
-
မြစ်ကြီးနားမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူ အတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ အရှေ့မြောက်နယ်မြေ(၂)၌ (၇- ၄-၂၀၁၉) ရက်နေ့ (၁၃း၂၅)နာရီအချိန်ဖြစ်ပွားခဲ့သည့် မီးဘေးတွင် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၄,၂၀၀)ကျပ်၊ စုစုပေါင်း (၁၀၄,၂၀၀)ကျပ်တို့အား (၁၂-၄-၂၀၁၉)ရက်နေ့ (၁၃း၁၅)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_apr2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ကြီးနားမြို့နယ်အတွင်း လေဘေး သင့်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်ကျေးရွာအုပ်စု၊ ဒွန်ဘန်ကျေးရွာ၊ ခဝမ်ကျေးရွာနှင့် မန်ဒေါင်ကျေးရွာများ၌ (၇-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၂၄)လုံး၊ အိမ်ထောင်စု (၂၂)စု၊ လူဦးရေ(၁၂၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၈၆၄,၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၂၅)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၂၆၂,၅၀၀/-)ကျပ်၊ စုစုပေါင်း (၁၁၂၆,၅၀၀/-)ကျပ်တို့အား (၁၂-၄-၂၀၁၉)ရက်နေ့ (၁၀း၃၀)နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_apr2019 Source: … Read more
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ပွဲစားလမ်းတွင် (၁၁.၄.၂၀၁၉) ရက်နေ့၊ (၁၆း၁၀)နာရီအချိန်၌ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၇)လုံး မီးဘေးသင့်ခဲ့ပြီး အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေစုစုပေါင်း (၄၂)ဦး မီးဘေးသင့် ခဲ့ရာ ဘေးသင့်လူဦးရေ (၄၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၈၈,၂၀၀/-)ကျပ်၊ နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၄၀၀,၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၄၈,၈၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၇)အိမ်ထောင်စာတို့အား (၁၂.၄.၂၀၁၉)ရက်နေ့တွင် သရက်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စုနှင့် ကျောက်မဲကြီးကျေးရွာအုပ်စုတို့တွင် (၉-၄-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလှန်ပျက်စီးခဲ့သည့် နေအိမ် (၃၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၆၂၅၅၀၀) ကျပ်အား (၁၁-၄-၂၀၁၉) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw #shn_apr2019 Source: ကျောက်မဲခရိုင်ဦးစီမှူးရုံး (ဘစမ)
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းအုပ်စု၊ လိပ်ချောင်းတာတွင်းကျေးရွာ၊ လိပ်ချောင်းတာပြင်ကျေးရွာ ၊ သုံးမြေဆိုင်ကျေးရွာ၊ ကလားအော်ကျေးရွာ၊ ကျားကုန်းကျေးရွာ၊ သင်္ကန်းတောကျေးရွာ၊ ကြက်တူရွေးလေးကျေးရွာ၊ ကြက်တူ ရွေးကြီးကျေးရွာ၊ နပဲကုန်းကျေးရွာ၊ ချောင်းလေးကျေးရွာ၊ ဒေါနကုန်းကျေးရွာ၊ အိုးဖိုကုန်းကျေးရွာနှင့် ကုန်းကြီးကျေးရွာများရှိ နေအိမ်များ အနက်မှ အိမ်ခြေ (၃၀) လုံးအား မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန် အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)နှင့် ပန်းတောင်းမြို့နယ်ဦးမှူး ရုံး(ဘစမ)တို့မှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကိုင်းကြီး ကျေးရွာအုပ်စု၊ ကိုင်ကြီးကျေးရွာနှင့် ရေကျော်ကျေးရွာအုပ်စု၊ လယ်တီကျေးရွာ တို့တွင် လေပြင်းဘေးကြိုတင် ကာကွယ်ရေးအတွက် နေအိမ်များအား ပြုပြင်ပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝန်းသိုမြို့နယ်အတွင်းရှိ ဂျိုးတောင်အုပ်စု၊ နမော်အုပ်စု၊ တင်းဝါးချောင်းအုပ်စု၊ မော်ခါးအုပ်စု၊ မော်နိုင်းအုပ်စု၊ တောင်ကုန်းအုပ်စု၊ စစ်ကဲကြီး ဂပ်ကွက် အုပ်စုတို့၌ (၉-၄-၂၀၁၉) ရက်နေ့၊ (၁၈း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမိုးလန်အိမ်ထောင်စု (၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၉) အိမ်ထောင်စာနှင့် ကိုယ်ထူ ကိုယ်ထဆောက်လုပ်ထားသော ဝန်ထမ်းအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၁၅,၀၀၀/-) ကျပ်တို့အား (၁၁-၄-၂၀၁၉) … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) စု၌ (၉-၄-၂၀၁၉) ရက်နေ့၊ (၁၈း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၆) အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၁၅,၀၀၀/-) ကျပ်တို့အား (၁၁-၄-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ကောလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂) စု၌ (၈-၄-၂၀၁၉) ရက်နေ့၊ (၁၉း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမိုးလန်အိမ်ထောင်စု (၁၂၇) စု၊ ဘုန်းကြီးကျောင်း (၄) ကျောင်း၊ ကိုယ်ထူကိုယ်ထဆောက်လုပ်ထား သော ဝန်ထမ်းအိမ် (၂) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၂၇) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၀၄၅,၀၀၀/-) ကျပ်တို့အား (၁၁-၄-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် … Read more
-
သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၄.၂၀၁၉) ရက်နေ့ ညနေ (၁၈း၀၀) နာရီ အချိန်တွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ လမ်းမတော်လမ်း လျှစ်စစ်ရုံးဝန်းရှေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









