
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)နှင့် ပန်းတောင်းမြို့နယ်ဦးမှူး ရုံး(ဘစမ)တို့မှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကိုင်းကြီး ကျေးရွာအုပ်စု၊ ကိုင်ကြီးကျေးရွာနှင့် ရေကျော်ကျေးရွာအုပ်စု၊ လယ်တီကျေးရွာ တို့တွင် လေပြင်းဘေးကြိုတင် ကာကွယ်ရေးအတွက် နေအိမ်များအား ပြုပြင်ပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_apr2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)