
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ပွဲစားလမ်းတွင် (၁၁.၄.၂၀၁၉) ရက်နေ့၊ (၁၆း၁၀)နာရီအချိန်၌ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၇)လုံး မီးဘေးသင့်ခဲ့ပြီး အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေစုစုပေါင်း (၄၂)ဦး မီးဘေးသင့် ခဲ့ရာ ဘေးသင့်လူဦးရေ (၄၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၈၈,၂၀၀/-)ကျပ်၊ နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၄၀၀,၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၄၈,၈၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၇)အိမ်ထောင်စာတို့အား (၁၂.၄.၂၀၁၉)ရက်နေ့တွင် သရက်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgw_apr2019
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)