လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းအုပ်စု၊ လိပ်ချောင်းတာတွင်းကျေးရွာ၊ လိပ်ချောင်းတာပြင်ကျေးရွာ ၊ သုံးမြေဆိုင်ကျေးရွာ၊ ကလားအော်ကျေးရွာ၊ ကျားကုန်းကျေးရွာ၊ သင်္ကန်းတောကျေးရွာ၊ ကြက်တူရွေးလေးကျေးရွာ၊ ကြက်တူ ရွေးကြီးကျေးရွာ၊ နပဲကုန်းကျေးရွာ၊ ချောင်းလေးကျေးရွာ၊ ဒေါနကုန်းကျေးရွာ၊ အိုးဖိုကုန်းကျေးရွာနှင့် ကုန်းကြီးကျေးရွာများရှိ နေအိမ်များ အနက်မှ အိမ်ခြေ (၃၀) လုံးအား မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန် အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw
#ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)