
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်ကျေးရွာအုပ်စု၊ ဒွန်ဘန်ကျေးရွာ၊ ခဝမ်ကျေးရွာနှင့် မန်ဒေါင်ကျေးရွာများ၌ (၇-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၂၄)လုံး၊ အိမ်ထောင်စု (၂၂)စု၊ လူဦးရေ(၁၂၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၈၆၄,၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၂၅)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၂၆၂,၅၀၀/-)ကျပ်၊ စုစုပေါင်း (၁၁၂၆,၅၀၀/-)ကျပ်တို့အား (၁၂-၄-၂၀၁၉)ရက်နေ့ (၁၀း၃၀)နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#kcn_apr2019
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)