လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) စု၌ (၉-၄-၂၀၁၉) ရက်နေ့၊ (၁၈း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၆) အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၁၅,၀၀၀/-) ကျပ်တို့အား (၁၁-၄-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ကောလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#sgg_apr2019

Sign Up

Upcoming Events