
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ အရှေ့မြောက်နယ်မြေ(၂)၌ (၇- ၄-၂၀၁၉) ရက်နေ့ (၁၃း၂၅)နာရီအချိန်ဖြစ်ပွားခဲ့သည့် မီးဘေးတွင် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၄,၂၀၀)ကျပ်၊ စုစုပေါင်း (၁၀၄,၂၀၀)ကျပ်တို့အား (၁၂-၄-၂၀၁၉)ရက်နေ့ (၁၃း၁၅)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#kcn_apr2019
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)