လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝန်းသိုမြို့နယ်အတွင်းရှိ ဂျိုးတောင်အုပ်စု၊ နမော်အုပ်စု၊ တင်းဝါးချောင်းအုပ်စု၊ မော်ခါးအုပ်စု၊ မော်နိုင်းအုပ်စု၊ တောင်ကုန်းအုပ်စု၊ စစ်ကဲကြီး ဂပ်ကွက် အုပ်စုတို့၌ (၉-၄-၂၀၁၉) ရက်နေ့၊ (၁၈း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမိုးလန်အိမ်ထောင်စု (၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၉) အိမ်ထောင်စာနှင့် ကိုယ်ထူ ကိုယ်ထဆောက်လုပ်ထားသော ဝန်ထမ်းအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၁၅,၀၀၀/-) ကျပ်တို့အား (၁၁-၄-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ဝန်းသိုမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#sgg_apr2019

Sign Up

Upcoming Events