Category Archives: News
-
သောက်သုံးရေများ ဖြန့်ဝေပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၁.၄.၂၀၁၉)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာ၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါတ ထောကျေးရွာ၊ ခိုးရားခူကျေးရွာနှင့် တနောကလောကျေးရွာ၊ ကေးလျားကျေးရွာအုပ်စု၊ ကေးလျားကျေးရွာ ၊ ဒေါခူလီကျေးရွာ၊ လောပလျားလဲကျေးရွာနှင့် ထီးသဲကူးကျေးရွာ စုစုပေါင်းကျေးရွာ(၈)ရွာသို့ ဂါလံ(၁၀၀၀)ဆံ့ရေသယ်ယာဉ်(၃)စီး၊ ဂါလံ(၁၂၅၀)ဆံ့ရေသယ်ယာဉ်(၄)စီး၊ ဂါလံ(၃၀၀၀)ဆံ့ရေသယ်ယာဉ်(၁)စီး စုစုပေါင်းရေသယ်ယာဉ်(၈)စီးဖြင့် ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများနှင့်အတူ ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ တစ်ပါတည်းလိုက်ပါလျှက် သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၀.၄.၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ခြားကျေးရွာအုပ်စု၊ နန်းကော်တေးကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့်ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၉)ဦးအတွက်အိမ်ဆောက်ပစ္စည်းဖိုး၂၀၀၀၀၀/-နှင့်လူဦးရေ(၉)ဦးအတွက်ဆန်ရိ က္ခာ ဖိုးငွေ(၁၈၉၀၀/-)စုစုပေါင်း (၂၁၈၉၀၀/-)၊ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အား (၁၂.၄.၂၀၁၉)ရက်နေ့တွင် ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများအားထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #krn_apr2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ခြားကျေးရွာအုပ်စု၊ နန်းကော်တေးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားမှုကြောင့် မီးဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၈၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့အား (၁၂-၄-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #krn_apr2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက် စိန်ဂျုဒ်ခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင်ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များကို တက်ရောက်သူ စုစုပေါင်း (၂၀၀) ဦးအားဆွေးနွေး ဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့် အနေအထားကိုလက်တွေ့သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ၊ သစ်ပုတ်အုပ်စု၊ လေသာတောင် ကြီးအုပ်စု၊ မြောက်ရွှေလောင်းအုပ်စု၊ ထန်းတပင်အုပ်စုတို့ရှိ ကျေးရွာ(၁၂)ရွာတို့၌ (၈.၄.၂၀၁၉) ရက်နေ့ လေဘေးသင့် အမိုးလန်နေအိမ်(၈၅)လုံး ဘာသာရေးကျောင်း (၄)ကျောင်း ပြိုလဲ နေအိမ်(၂)လုံး လူ(၈)ဦးတို့ အတွက် အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၃၆၈၀၆၂၅/-) ၊ပြိုလဲ(၂)အိမ်ရှိ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးပါ) (၂)အိမ်ထောင်စာအား (၁၂.၄.၂၀၁၉)ရက်နေ့တွင် ပေါက်ခေါင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ တုန်းပေါကျေးရွာအုပ်စု တုန်းပေါကျေးရွာတွင် (၁၁-၄-၂၀၁၉)ရက်နေ့ BOCကုမ္ပဏီပိုင် ဆီတင်မော်တော်မှ ဆီဘောက်ဆာကား အတွင်းဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွားရာ မီးလောင်မှုတွင် သေဆုံးသူ (၃)ဦးအတွက် ထောက်ပံ့ငွေ (၉၀၀၀၀၀/-) အား (၁၂-၄-၂၀၁၉)ရက်နေ့ တွင် တုန်းပေါကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သေဆုံးသူ မိသားစုဝင်များထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာအုပ်စု၊ အလယ်ခုံကျေးရွာရှိ အမိုးလန်လူနေအိမ်(၃)လုံးမှ အိမ်ထောင်စု(၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၅၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၃)အိမ်ထောင်စာတို့အား (၁၂-၄-၂၀၁၉) ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့ (၁၅း၃၀)နာရီအချိန်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာ၌ ဖြစ်ပွားသော မီးလောင်မှုကြောင့် နေအိမ်(၁)လုံး ပျက်ဆီးခဲ့ပါသဖြင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ဆန်ရိက္ခာဖိုး (၂,၁၀၀/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်တို့ အား (၁၂-၄-၂၀၁၉)ရက်နေ့ (၁၅း၀၀)နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_apr2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၄.၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့နယ်၊ မွီတွီကျေးရွာအုပ်စု၊ လုပ်ခေးကျေးရွာ၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးဘေးသင့်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၂) ထပ် နေအိမ်မီးလောင်ကျွမ်းပျက်စီးခဲ့မှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀၀၀၀၀) ကျပ်၊ မီးဘေးသင့်အိမ်ထောင်စု (၁) မှ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၄၇၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၁၄၇၀၀) ကျပ်၊ (၃၇၃၅၃) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၆) … Read more
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ကုန်းမနကျေးရွာနှင့်ဟဲပုကျေးရွာတွင် (၂၇-၃-၂၀၁၉)ရက်နေ့(၁၉း၄၅) နာရီအချိန်၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၇)လုံး၊ လူဦးရေ (၃၅)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၇)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၈၉၄၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ (၇၃၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၆၂၉၀၀/-)ကျပ်တို့အား (၁၂-၄-၂၀၁၉)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_apr2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)









