
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၁.၄.၂၀၁၉)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာ၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါတ ထောကျေးရွာ၊ ခိုးရားခူကျေးရွာနှင့် တနောကလောကျေးရွာ၊ ကေးလျားကျေးရွာအုပ်စု၊ ကေးလျားကျေးရွာ ၊ ဒေါခူလီကျေးရွာ၊ လောပလျားလဲကျေးရွာနှင့် ထီးသဲကူးကျေးရွာ စုစုပေါင်းကျေးရွာ(၈)ရွာသို့ ဂါလံ(၁၀၀၀)ဆံ့ရေသယ်ယာဉ်(၃)စီး၊ ဂါလံ(၁၂၅၀)ဆံ့ရေသယ်ယာဉ်(၄)စီး၊ ဂါလံ(၃၀၀၀)ဆံ့ရေသယ်ယာဉ်(၁)စီး စုစုပေါင်းရေသယ်ယာဉ်(၈)စီးဖြင့် ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများနှင့်အတူ ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ တစ်ပါတည်းလိုက်ပါလျှက် သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#kyh_apr2019
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)