မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

12_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ကုန်းမနကျေးရွာနှင့်ဟဲပုကျေးရွာတွင် (၂၇-၃-၂၀၁၉)ရက်နေ့(၁၉း၄၅) နာရီအချိန်၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၇)လုံး၊ လူဦးရေ (၃၅)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၇)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၈၉၄၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ (၇၃၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၆၂၉၀၀/-)ကျပ်တို့အား (၁၂-၄-၂၀၁၉)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#kcn_apr2019
Source:    မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events