လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက် စိန်ဂျုဒ်ခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင်ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များကို တက်ရောက်သူ စုစုပေါင်း (၂၀၀) ဦးအားဆွေးနွေး ဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့် အနေအထားကိုလက်တွေ့သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)