မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၄.၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့နယ်၊ မွီတွီကျေးရွာအုပ်စု၊ လုပ်ခေးကျေးရွာ၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးဘေးသင့်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၂) ထပ် နေအိမ်မီးလောင်ကျွမ်းပျက်စီးခဲ့မှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀၀၀၀၀) ကျပ်၊ မီးဘေးသင့်အိမ်ထောင်စု (၁) မှ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၄၇၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၁၄၇၀၀) ကျပ်၊ (၃၇၃၅၃) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ကျားလုံချည်၊မလုံချည်၊တဘက်၊စောင်၊ပလပ်စတစ်ရေခွက်၊စတီးသောက်ရေခွက်၊ဆပ်ပြာ၊ဒန်အိုး၊ဇလုံ၊ခြင်ထောင်၊တီရှပ်၊စတီးဓား၊စတီးဟင်းခပ်ဇွန်း၊စတီးပန်ကန်ပြား၊နှစ်ယောက်အိပ်ပလပ်စတစ်ဖျာ၊ပလပ်စတစ်ရေပုံး)နှင့် ပလပ်စတစ်ရေပုံး လက်ကိုင်ပါတို့အား (၁၂-၄-၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_fir
#chn_apr2019 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events