
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၀.၄.၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ခြားကျေးရွာအုပ်စု၊ နန်းကော်တေးကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့်ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၉)ဦးအတွက်အိမ်ဆောက်ပစ္စည်းဖိုး၂၀၀၀၀၀/-နှင့်လူဦးရေ(၉)ဦးအတွက်ဆန်ရိ က္ခာ ဖိုးငွေ(၁၈၉၀၀/-)စုစုပေါင်း (၂၁၈၉၀၀/-)၊ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အား (၁၂.၄.၂၀၁၉)ရက်နေ့တွင် ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများအားထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#krn_apr2019
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)