မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

13 pic 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ခြားကျေးရွာအုပ်စု၊ နန်းကော်တေးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားမှုကြောင့် မီးဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၈၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့အား (၁၂-၄-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir #krn_apr2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events