
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ၊ သစ်ပုတ်အုပ်စု၊ လေသာတောင် ကြီးအုပ်စု၊ မြောက်ရွှေလောင်းအုပ်စု၊ ထန်းတပင်အုပ်စုတို့ရှိ ကျေးရွာ(၁၂)ရွာတို့၌ (၈.၄.၂၀၁၉) ရက်နေ့ လေဘေးသင့် အမိုးလန်နေအိမ်(၈၅)လုံး ဘာသာရေးကျောင်း (၄)ကျောင်း ပြိုလဲ နေအိမ်(၂)လုံး လူ(၈)ဦးတို့ အတွက် အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၃၆၈၀၆၂၅/-) ၊ပြိုလဲ(၂)အိမ်ရှိ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးပါ) (၂)အိမ်ထောင်စာအား (၁၂.၄.၂၀၁၉)ရက်နေ့တွင် ပေါက်ခေါင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)