Category Archives: News
-
ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၁၉)ရက်နေ့ ကောလင်းမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ၊ ပဒုမ္မာကျေးရွာအုပ်စု၊ ကျွန်းတောကျေးရွာနှင့် တောင်ဘို့လကျေးရွာအုပ်စု၊ ပွဲခံကျေးရွာတို့တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ/အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၂၅.၀၀၀)ကျပ်တို့အား (၁၈-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ နောင်လုံကျေးရွာနှင့် တိကလိုင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ သွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၄၅)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းအတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး (၃,၇၀၉,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄၅) အိမ်ထောင်စုစာအား (၁၈.၄.၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_apr2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၉) ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအုပ်စု၊ ကော့မပြင်းကျေးရွာလေဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဘိုး (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၅)ဦး အတွက်ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ (၁၀,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၀,၅၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁-အိမ်ထောင်စာ) တို့အား(၁၈-၄-၂၀၁၉)နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁၇-၄-၂၀၁၉)ရက်နေ့(၁၆:၃၀) အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်း အမိုးလန်ပျက်စီးအိမ်(၂၁၂)လုံး၊ပြိုလဲပျက်စီးအိမ်(၈)လုံး၊ စာသင်ကျောင်း(၆) ကျောင်းအမိုးလန်ခြင်း၊ ဘုန်းကြီးကျောင်း(၆)ကျောင်းအမိုးလန်ခြင်း ဖြစ်ပွားခဲ့ပါကြောင်း ဘေးသတင်းရရှိခဲ့ပါသည်။သို့ဖြစ်ပါ၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင် ၊ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးမင်းနောင်၊အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးကျော်မင်းနိုင်၊တိုင်းအ ဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ခရိုင်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည်အောင်ချမ်းသိမ်းကျေးရွာ၊ မင်းကုန်းကျေး ရွာ၊ အောင်ချမ်းသာကျေးရွာ၊ ဖောင်းလောင်းကျေးရွာ၊ ဇလောင်း(တောင်၊မြောက်)ကျေးရွာ၊ ငန်းစပ်ကျေးရွာ၊ရွှေနံသာရပ်ကွက်တို့တွင် ဘေးသင့်အိမ်ခြေ(၉၉)လုံးနှင့်လူဦးရေ(၃၈၉) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၁)မျိုး၊ စုစုပေါင်းအိမ်ဆေါက်ပစ္စည်းရန်ပုံငွေ(၄,၇၄၀,၀၀၀)ကျပ်၊ဆန်ရိက္ခာဖိုးငွေ … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၉) ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်းကျေးရွာလေဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဘိုး (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၄)ဦး အတွက်ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ (၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၈,၄၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁-အိမ်ထောင်စာ) တို့အား(၁၈-၄-၂၀၁၉)နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၉) ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု မရင်းကြီးကျေးရွာလေဘေးသင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဘိုး (၂၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၈)ဦး အတွက်ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ (၁၆,၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၆,၈၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂-အိမ်ထောင်စာ) တို့အား(၁၈-၄-၂၀၁၉)နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် အိုးအိမ်များထိခိုက်ပျက်စီးမှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
၁။ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မိုးသီးကြွေကျခြင်းများဖြစ်ပွားခဲ့ရာ ဖောင်းပြင်၊ ပင်လည်ဘူး၊ ကနီ၊ ကသာ၊ အင်းတော်၊ ဝန်းသို၊ ဗန်းမောက်၊ ကောလင်း၊ ကျွန်းလှ၊ မော်လိုက်နှင့် တမူးမြို့နယ်တို့တွင် နေအိမ်(၄၈၀)လုံးခန့်နှင့် ဘာသာရေးအဆောက်အဦ(၁၆)လုံး ပျက်စီးခဲ့ကြောင်း၊ အလားတူပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၌ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁၇) ရက်နေ့တွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက် မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ လင်တောင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စု၊ ဆပန်ကျေးရွာအုပ်စု၊ ကူကားကျေးရွာအုပ်စုနှင့် ပလောင်းကျေးရွာအုပ်စုတို့တွင် (၁၇-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုကျနေအိမ်(၄)လုံး၊ တစိတ်တပိုင်းပြိုကျနေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ(၉၈)လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ အိမ်ထောင်စု(၁၀၃)စု၊ လူဦးရေ(၅၀၈)ဦးဘေးသင့်ခဲ့ရာ ကျောင်း/အိမ် ဆောက်ပစ္စည်းဖိုး(၄,၅၀၀,၀၀၀)ကျပ်၊ဆန်ရိက္ခာဖိုး(၁,၀၆၆,၈၀၀)ကျပ်၊ စုစုပေါင်း(၅,၅၆၆,၈၀၀) (ကျပ်ငါးဆယ့် ငါးသိန်းခြောက်သောင်းခြောက်ထောင့်ရှစ်ရာကျပ်တိတိ)တို့အားလည်းကောင်း၊ ပြိုကျနေအိမ်(၄)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၄)ပုံး၊ အမိုးလန်နေအိမ်(၉၉)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ (၉၉) စုံတို့အားလည်းကောင်း (၁၈-၄-၂၀၁၉)ရက်နေ့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ … Read more
-
ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ လေဘေး သင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ မိုးသီးကြွေကျမှုကြောင့် ကန့်ဘလူခရိုင်၊ ကျွန်းလှ မြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရှိ လူနေအိမ်(၆၈)အိမ်မှ အိမ်ထောင်စု (၆၈)စုအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁,၃၃၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး (၆၈)အိမ်ထောင်စာတို့အား (၁၈-၄-၂၀၁၉)ရက်နေ့တွင် ညောင်ကိုင်းကျေးရွာရှိ ဘေးသင့်ပြည်သူထံသို့ ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကောလင်းမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ၊ ပဒုမ္မာကျေးရွာအုပ်စု၊ ကျွန်းတောကျေးရွာနှင့် တောင်ဘို့လကျေးရွာအုပ်စု၊ ပွဲခံကျေးရွာတို့တွင် (၁၅.၄.၂၀၁၉)နေ့ (၁၄:၀၀)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်သွားသော အိမ်ထောင်စု(၃)စု၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေစုစုပေါင်း (၁၂၅,၀၀ဝ/-)ကျပ်(တစ်သိန်းနှစ်သောင်းငါးထောင်တိတိ)အား (၁၈.၄.၂၀၁၉)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ရပ်ကွက်ကျေးရွာစာရေးထံသို့ လွှဲအပ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









