လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

19_Pic_01 19_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက် မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ လင်တောင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စု၊ ဆပန်ကျေးရွာအုပ်စု၊ ကူကားကျေးရွာအုပ်စုနှင့် ပလောင်းကျေးရွာအုပ်စုတို့တွင် (၁၇-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုကျနေအိမ်(၄)လုံး၊ တစိတ်တပိုင်းပြိုကျနေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ(၉၈)လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ အိမ်ထောင်စု(၁၀၃)စု၊ လူဦးရေ(၅၀၈)ဦးဘေးသင့်ခဲ့ရာ ကျောင်း/အိမ် ဆောက်ပစ္စည်းဖိုး(၄,၅၀၀,၀၀၀)ကျပ်၊ဆန်ရိက္ခာဖိုး(၁,၀၆၆,၈၀၀)ကျပ်၊  စုစုပေါင်း(၅,၅၆၆,၈၀၀) (ကျပ်ငါးဆယ့် ငါးသိန်းခြောက်သောင်းခြောက်ထောင့်ရှစ်ရာကျပ်တိတိ)တို့အားလည်းကောင်း၊ ပြိုကျနေအိမ်(၄)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၄)ပုံး၊ အမိုးလန်နေအိမ်(၉၉)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ (၉၉) စုံတို့အားလည်းကောင်း  (၁၈-၄-၂၀၁၉)ရက်နေ့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဝင်များဖြစ်သော ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ပေါက်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ရွှေကန်မြေ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးသန်းကျော်သူ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်၊၊

#ha_sgw
#mgy_apr2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events