မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၉) ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု မရင်းကြီးကျေးရွာလေဘေးသင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဘိုး (၂၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၈)ဦး အတွက်ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ (၁၆,၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၆,၈၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂-အိမ်ထောင်စာ) တို့အား(၁၈-၄-၂၀၁၉)နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events