
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ နောင်လုံကျေးရွာနှင့် တိကလိုင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ သွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၄၅)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းအတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး (၃,၇၀၉,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄၅) အိမ်ထောင်စုစာအား (၁၈.၄.၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_apr2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)