
(၁၇-၄-၂၀၁၉)ရက်နေ့(၁၆:၃၀) အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်း အမိုးလန်ပျက်စီးအိမ်(၂၁၂)လုံး၊ပြိုလဲပျက်စီးအိမ်(၈)လုံး၊ စာသင်ကျောင်း(၆) ကျောင်းအမိုးလန်ခြင်း၊ ဘုန်းကြီးကျောင်း(၆)ကျောင်းအမိုးလန်ခြင်း ဖြစ်ပွားခဲ့ပါကြောင်း ဘေးသတင်းရရှိခဲ့ပါသည်။သို့ဖြစ်ပါ၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင် ၊ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးမင်းနောင်၊အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးကျော်မင်းနိုင်၊တိုင်းအ ဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ခရိုင်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည်အောင်ချမ်းသိမ်းကျေးရွာ၊ မင်းကုန်းကျေး ရွာ၊ အောင်ချမ်းသာကျေးရွာ၊ ဖောင်းလောင်းကျေးရွာ၊ ဇလောင်း(တောင်၊မြောက်)ကျေးရွာ၊ ငန်းစပ်ကျေးရွာ၊ရွှေနံသာရပ်ကွက်တို့တွင် ဘေးသင့်အိမ်ခြေ(၉၉)လုံးနှင့်လူဦးရေ(၃၈၉) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၁)မျိုး၊ စုစုပေါင်းအိမ်ဆေါက်ပစ္စည်းရန်ပုံငွေ(၄,၇၄၀,၀၀၀)ကျပ်၊ဆန်ရိက္ခာဖိုးငွေ (၈၁၆,၉၀၀)ကျပ်တို့အား (၁၈-၄-၂၀၁၉)ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းထောက်ပံ့ခဲ့ပြီး ကျန်ရှိပျက်စီးအိမ်များအတွက် ထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
#ha_sgw
#npw_apr2019
Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)