လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၉) ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအုပ်စု၊ ကော့မပြင်းကျေးရွာလေဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဘိုး (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၅)ဦး အတွက်ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ (၁၀,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၀,၅၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁-အိမ်ထောင်စာ) တို့အား(၁၈-၄-၂၀၁၉)နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။