
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ မိုးသီးကြွေကျမှုကြောင့် ကန့်ဘလူခရိုင်၊ ကျွန်းလှ မြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရှိ လူနေအိမ်(၆၈)အိမ်မှ အိမ်ထောင်စု (၆၈)စုအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁,၃၃၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး (၆၈)အိမ်ထောင်စာတို့အား (၁၈-၄-၂၀၁၉)ရက်နေ့တွင် ညောင်ကိုင်းကျေးရွာရှိ ဘေးသင့်ပြည်သူထံသို့ ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2019
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)