လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် အိုးအိမ်များထိခိုက်ပျက်စီးမှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44
၁။    ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မိုးသီးကြွေကျခြင်းများဖြစ်ပွားခဲ့ရာ ဖောင်းပြင်၊ ပင်လည်ဘူး၊ ကနီ၊ ကသာ၊ အင်းတော်၊ ဝန်းသို၊ ဗန်းမောက်၊ ကောလင်း၊ ကျွန်းလှ၊ မော်လိုက်နှင့် တမူးမြို့နယ်တို့တွင် နေအိမ်(၄၈၀)လုံးခန့်နှင့် ဘာသာရေးအဆောက်အဦ(၁၆)လုံး ပျက်စီးခဲ့ကြောင်း၊ အလားတူပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၌ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁၇) ရက်နေ့တွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်တို့တွင် နေအိမ်(၈)လုံး ပြိုကျခဲ့ပြီး နေအိမ် (၂၃၀)လုံးခန့်နှင့် ဘာသာရေးအဆောက်အဦ (၆)လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

၂။    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လေဘေးကြောင့် နေအိမ်ထိခိုက်ပျက်စီး ခဲ့ သည့် ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊  ခရိုင်ဦးစီးမှူးရုံးများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံး တို့ရှိ တာဝန်ရှိသူများက ဘေးသင့်နေရာများသို့ အမြန်ဆုံးသွားရောက် ထောက်ပံ့ပေးလျက်ရှိရာ ပစ္စည်းနှင့် ငွေသားစုစုပေါင်း ကျပ်သိန်း (၁၅၀)ကျော် ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

၃။    ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နွေရာသီကာလမတ်လနှင့်ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ လေပြင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ဖြစ်ပွားတတ်သဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချ
ထားရေးဝန်ကြီးဌာန တွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင် ပါကြောင်းလည်း သိရှိရပါသည်။
#ha_sgw
#sgg_apr2019
#npw_apr2019
Source:  DDM

Sign Up

Upcoming Events