Category Archives: News
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာ လေဘေးသင့်အိမ်ခြေ(၁)လုံးအတွက်အိမ် ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀)ကျပ် အိမ်ထောင်စု (၁)စုမှလူဦးရေ(၁)ဦး အတွက်ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေ (၂,၁၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁-အိမ်ထောင်စာ) နှင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၀၂,၁၀၀)ကျပ် အား(၁၉-၄-၂၀၁၉)နေ့ နေ့လည်(၁၅၀၀)နာရီချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉) ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ခြေ (၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၇)ဦး အတွက်ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၁၄,၇၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁-အိမ်ထောင်စာ)နှင့် စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀)ကျပ် အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဘီဆိုကျေးရွာနှင့် ထီးလျားဆိုကျေးရွာ၊ မြို့မကျေးရွာအုပ်စု၊ ထီးသော်တနီးကူးကျေးရွာများသို့ ဂါလံ (၁၂၅၀) ဆံ့ ရေသယ်ယာဉ် (၃) စီး၊ ဒီမောဆိုးမြို့နယ်၊ ဝါးဘန်းပလို့ကျေးရွာအုပ်စု၊ ပဒါန်းခို ကျေးရွာနှင့် လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာသို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် (၂) စီး စုစုပေါင်း ရေသယ်ယာဉ် (၅) စီးဖြင့် ( ၂၀-၄-၂၀၁၉) ရက်နေ့တွင် ဒီးမောဆိုနှင့် ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ … Read more
-
ချင်းပြည်နယ်အတွင်း ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အရေးကြီးပုံနှင့် လူငယ်ရေးရာမူဝါဒကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆွေးနွေးပြောကြားမှုသတင်း
ဧပြီ ၂၁၊ ဟားခါး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ၊ ပုဂ္ဂလိက မူကြိုကျောင်းများရှိ ဆရာ၊ ဆရာမများ၊ မိဘများ၊ မိသားစု ဝင်များနှင့် ယမန်နေ့မွန်းပွဲပိုင်းက မြို့တော်ခန်းမ၌တွေ့ဆုံပြီး ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အရေးကြီးပုံကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်များအားပြုစုစောင့်ရှောက်ရေးကဏ္ဍတွင် မိခင်များသာမက ဖခင်များ၊ မိသားစု ဝင်များသည် အရေးကြီးပါကြောင်း၊ ရှေးဦးအရွယ်ကလေးများ၏ ကိုယ်ခန္ဓာပုံမှန်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုများ အသက်အရွယ် အဆင့်ဆင့်အလိုက် ပြောင်းလဲပုံကို မိဘများ၊ မိသားစုဝင်များက … Read more
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဟသာင်္တခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်း ဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် မြန်အောင်မြို့နယ်၊ အစယ်အုပ်စု၊ ရိုက်အုပ်စု၊ ကြူတောအုပ်စုနှင့် ညောင်ဝိုင်းအုပ်စုအတွင်းရှိ နေအိမ်များအနက်မှ (၁) အုပ်စုလျှင် အိမ်ခြေ (၃၀) လုံးစီကို (၂၁-၄-၂၀၁၉) ရက်နေ့၌ ကျေးရွာအုပ်စုကော်မတီဝင်များ ရပ်မိရပ်ဖများ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ထားသည့် နေအိမ်များကိုကြည်ရှုစစ်ဆေးပြီး သဘာဝဘေးနှင့်ပတ်သတ်၍ ပြည်သူများကိုဆောင်ရန်/ရှောင်ရန် အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အောင်မြေသာ (၂)လမ်းနှင့်(၃)လမ်းကြားတွင် (၂၀-၄-၂၀၁၉)ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦး မီးဘေးသင့်ခဲ့ပြီး လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ(၁၀၅၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁) အိမ်ထောင်စာတို့အား (၂၁-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်မိသားစုများ၏လက်ဝယ်သို့ သွားရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) # … Read more
-
မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာ၌ (၂၁-၄-၂၀၁၉)ရက်နေ့ (၁၀း၄၅) အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် အိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၀၀၀၀၀/-)၊ လူဦးရေ(၆၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇)ရက်စာ (၁၂၈၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ထောင်စု (၁၇)စုစာတို့အား (၂၁-၄-၂၀၁၉)ရက်နေ့ (၁၅း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_fir # mgy _apr2019
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၈-၄-၂၀၁၉)ရက်နေ့က ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာမှ အမိုးလန်အိမ်ခြေ(၅၈)လုံးနှင့် ပြိုကျနေအိမ် (၇)လုံးအတွက် စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၉၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၅၈)အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၇)အိမ်ထောင်စာတို့အား (၂၀-၄-၂၀၁၉)နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှုးရုံးမှတာဝန်ရှိသူများ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် အရာတော်မြို့ နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၈-၄-၂၀၁၉)ရက်နေ့က မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာအုပ်စု၊ ကျေးရွာ (၆)ရွာမှအမိုးလန်အိမ်ခြေ (၁၄၅)လုံးနှင့် ပြိုကျနေအိမ်(၁၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅,၇၉၅,၀၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁၄၅)အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၁)အိမ်ထောင်စာတို့အား (၂၁-၄-၂၀၁၉)ရက်နေ့တွင်ဘေးသင့် ပြည်သူများထံသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးကြိုတင်ပြင်ဆင်မှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မှတ်တိုင်အုပ်စု၊ ကြံခတ်ကွင်းအုပ်စု၊ ကွင်းလှအုပ်စုတို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးများဆောင်ရွက်နေမှုအပေါ် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးမှ (၂၀-၄-၂၀၁၉)ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည့်အပြင် ဒေသခံပြည်သူများအားတွေ့ဆုံ၍ လေပြင်းဘေးနှင့် စပ်လျဉ်းသည့် ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဌာနမှကြိုတင်ပြင်ဆင်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။









