လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှုးရုံးမှတာဝန်ရှိသူများ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် အရာတော်မြို့ နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၈-၄-၂၀၁၉)ရက်နေ့က မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာအုပ်စု၊ ကျေးရွာ (၆)ရွာမှအမိုးလန်အိမ်ခြေ (၁၄၅)လုံးနှင့် ပြိုကျနေအိမ်(၁၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅,၇၉၅,၀၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁၄၅)အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၁)အိမ်ထောင်စာတို့အား (၂၁-၄-၂၀၁၉)ရက်နေ့တွင်ဘေးသင့် ပြည်သူများထံသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။