လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဘီဆိုကျေးရွာနှင့် ထီးလျားဆိုကျေးရွာ၊ မြို့မကျေးရွာအုပ်စု၊ ထီးသော်တနီးကူးကျေးရွာများသို့ ဂါလံ (၁၂၅၀) ဆံ့ ရေသယ်ယာဉ် (၃) စီး၊ ဒီမောဆိုးမြို့နယ်၊ ဝါးဘန်းပလို့ကျေးရွာအုပ်စု၊ ပဒါန်းခို ကျေးရွာနှင့် လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာသို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် (၂) စီး စုစုပေါင်း ရေသယ်ယာဉ် (၅) စီးဖြင့် ( ၂၀-၄-၂၀၁၉) ရက်နေ့တွင် ဒီးမောဆိုနှင့် ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ ပါသည်။#ha_drg
#kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)