စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၈-၄-၂၀၁၉)ရက်နေ့က ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာမှ အမိုးလန်အိမ်ခြေ(၅၈)လုံးနှင့် ပြိုကျနေအိမ် (၇)လုံးအတွက် စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၉၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၅၈)အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၇)အိမ်ထောင်စာတို့အား (၂၀-၄-၂၀၁၉)နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events