မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာ၌ (၂၁-၄-၂၀၁၉)ရက်နေ့ (၁၀း၄၅) အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ  မီးဘေးကြောင့် အိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၀၀၀၀၀/-)၊ လူဦးရေ(၆၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇)ရက်စာ (၁၂၈၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ထောင်စု (၁၇)စုစာတို့အား (၂၁-၄-၂၀၁၉)ရက်နေ့ (၁၅း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

# ha_fir

# mgy _apr2019

 

Sign Up

Upcoming Events