လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဟသာင်္တခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်း ဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် မြန်အောင်မြို့နယ်၊ အစယ်အုပ်စု၊ ရိုက်အုပ်စု၊ ကြူတောအုပ်စုနှင့် ညောင်ဝိုင်းအုပ်စုအတွင်းရှိ နေအိမ်များအနက်မှ (၁) အုပ်စုလျှင် အိမ်ခြေ (၃၀) လုံးစီကို (၂၁-၄-၂၀၁၉) ရက်နေ့၌ ကျေးရွာအုပ်စုကော်မတီဝင်များ ရပ်မိရပ်ဖများ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ထားသည့် နေအိမ်များကိုကြည်ရှုစစ်ဆေးပြီး သဘာဝဘေးနှင့်ပတ်သတ်၍ ပြည်သူများကိုဆောင်ရန်/ရှောင်ရန် အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_sgw
#ayy_apr2019
Source: ဟသာင်္တခရိုင်ဦးစီးမှူးရုံး (ဘစမ)