မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉) ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ခြေ (၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၇)ဦး အတွက်ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၁၄,၇၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁-အိမ်ထောင်စာ)နှင့် စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀)ကျပ် အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events