Category Archives: News
-
မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၉)ရက်နေ့က မိုင်းပျဉ်းမြို့၊ ဟောင်ကန်အုပ်စု၊ ဝမ်ကန်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုးများလန်သွားသဖြင့် လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၀၀,၀၀၀)ကျပ်အား (၂၃-၄-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးရုံး၌ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ယက္ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ကျောင်းသား/ကျောင်းသူ(၆၀)ဦးတို့အား (၂၃-၄-၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီမှ (၁၁း၃၀)နာရီအချိန်အထိ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar # sgg _apr2019
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဟသာင်္တမြို့နယ်အတွင်းရှိ ကုလားခတ်အုပ်စု၊ လိပ်ချောင်းအုပ်စု၊ ရွာသာလက္ခုပ်အုပ်စုနှင့် ဘုရားကုန်းအုပ်စုတို့တွင် (၁၉-၄-၂၀၁၉) နေ့၌ ဖြစ်ပွားသောလေဘေးသင့် အမိုးလန်အိမ်ခြေ (၂၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၃၉၃၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၉၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေကျပ်(၂၀၃၇၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ ( ၁၅၉၆၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၄) အိမ်ထောင်စုစာ တန်ဖိုး (၄၄၄၂၄၀) … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီ်မြို့နယ်၊ ကော့မပြင်းကျေးရွာအုပ်စု၊ ကော့မပြင်းကျေးရွာ၊ လေဘေးသင့်အိမ်ခြေ (၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃)ဦး အတွက်ဆန်ဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၆,၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁-အိမ်ထောင်စာ) တို့အား (၂၃-၄-၂၀၁၉)နေ့ နံနက်(၀၉၃၀)နာရီချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၂၁-၄-၂၀၁၉) ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ လှည်းကူးအုပ်စု၊ ကျွန်းမီးအုပ်စု၊ ကျေးရွာ(၃)ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၉)လုံးနှင့် သာသနိကအဆောက်အအုံ(၁)လုံး စုစုပေါင်း(၁၀)လုံးအတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ(၄၇၇,၃၀၀)ကျပ်အား (၂၃-၄-၂၀၁၉)ရက်နေ့ နံနက် (၀၉၃၀)နာရီ အချိန်တွင် ပန်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_apr2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊အရာတော်မြို့နယ်၊ကျောက်ပြောက်ကျေးရွာ ၊ သခွတ်ပင်ကျေးရွာ၊ ဇရစ်ကျေးရွာ၊ မကျီးစောက်ကျေးရွာ၊ ငွေတွင်းကျေးရွာနှင့် ဝါးတန်းကျေးရွာ ကျေးရွာ(၆)ရွာတို့မှ (၁၈-၄-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့်လေပြင်းဘေးအတွက် အမိုးလန်အိမ်ခြေ (၁၀၆)လုံး၊ ပြိုကျနေအိမ်(၁၄)နှင့် ဘုန်းကြီးကျောင်း(၂)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၆၁၅၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၁၀၆)အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၄)အိမ်ထောင်စာတို့ကို (၂၂-၄-၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် အရာတော်မြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_sgw # sgg … Read more
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီမှ (၁၇၀၀)နာရီအချိန်ထိ မင်းတုန်းမြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ(၃)ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ (၁)လုံးနှင့် အမိုးလန်အိမ်ခြေ (၂၃)လုံး၊ စုစုပေါင်း အိမ်ခြေ (၂၄)လုံး၊ အိမ်ထောင်စု(၂၄)စုမှ လူဦးရေစုစုပေါင်း(၈၂)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာတန်ဖိုး (၇)ရက်စာ (၁၇၂,၂၀၀)ကျပ်၊ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်တန်ဖိုး (၁၀၀,၀၀၀)၊ အမိုးလန်နေအိမ် (၂၃)လုံးအတွက် အိမ်ဆောက်ပစ္စည်တန်ဖိုး (၃၄၅,ဝဝဝ)၊ စုစုပေါင်းရန်ပုံငွေ (၆၁၇,၂၀၀)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁)အိမ်ထောင်စာ နှင့် … Read more
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာပေါ်လင်လိပ်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၉) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးခရီးစဉ်တွင် ကလေးမြို့လူမှုအဖွဲ့အစည်းများနှင့် ညနေ(၁ရး၃၀) အချိန်တွင်တွေ့ဆုံခဲ့ပြီး ကယ်တင်ခြင်းလွတ်မြောက်ခြင်းအသင်း ကလေးမြို့နယ်၊ မော်စီကျေးရွာမှ လူဦးရေ (၂၀၀) ဦးအား ထမင်းကျွေးရန်အတွက်အမိုးများလိုအပ်၍ ကူညီပေးပါရန်တင်ပြလာခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ တာပေါ်လင် (၆×၃၀၀) ပေ (၁) လိပ်နှင့် (၆×၁၀၀) ပေ (၁) လိပ်ထောက်ပံပေးရန်လမ်းညွှန်ခဲ့ပါသဖြင့် (၂၂-၄-၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီတွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် … Read more
-
လေပြင်းဘေးသင့်ပြည်သူအားထောက်ပံံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၉) ရက်နေ့ ညနေတွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဖြတ်မြို့နယ် ပန်ကြူ (ပေါ်) ကျေးရွာတွင် သွပ်မိုးဝါထရံကာအိမ် အမိုးသွပ် (၈) ပေ အချပ် (၂၀) ခန့်ပြုတ်ထွက်ပျက်စီးသွားသဖြင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၉၆၀၀၀) ကျပ်အား (၂၂-၄-၂၀၁၉) ရက်နေ့၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw #shn_apr2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)မှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၄.၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ် မှုကြောင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ထနောင်းဝင်း ကျေးရွာအုပ်စု၊ အလံုံကြီးကျေးရွာ၊ ထနောင်းဝင်းကျေးရွာ၊ သမင်ချောက်ကျေးရွာအုပ်စု၊ သမင်ချောက်ကျေးရွာ၊ မြန်အောင်ကျေးရွာ များတွင် လေဘေးသင့် (ထပ်တိုး) ပြိုကျဘုန်းကြီးကျောင်း(၁)ကျောင်း၊ ပြိုကျပျက်စီး အိမ်ခြေ(၄)လုံး၊ အမိုးလန်အိမ်ခြေ(၂၈)လုံး၊ အိမ်ထောင်စု (၃၂)စု၊ ဘေးသင့်လူဦးရေ(၁၇၉)ဦး ဘေးသင့်ခဲ့ရာ ကျောင်း/ အိမ်ဆောက် ပစ္စည်ဖိုး (၁,၀၆၀,၀၀၀/−)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး (၃၇၅,၉၀၀/−) ကျပ်၊ စုစုပေါင်း (၁,၄၃၅,၉၀၀/-)ကျပ် … Read more









