လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီ်မြို့နယ်၊ ကော့မပြင်းကျေးရွာအုပ်စု၊ ကော့မပြင်းကျေးရွာ၊ လေဘေးသင့်အိမ်ခြေ (၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃)ဦး အတွက်ဆန်ဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၆,၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁-အိမ်ထောင်စာ) တို့အား (၂၃-၄-၂၀၁၉)နေ့ နံနက်(၀၉၃၀)နာရီချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။