ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)မှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

22_Pic_01 22_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၄.၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ် မှုကြောင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ထနောင်းဝင်း ကျေးရွာအုပ်စု၊ အလံုံကြီးကျေးရွာ၊ ထနောင်းဝင်းကျေးရွာ၊ သမင်ချောက်ကျေးရွာအုပ်စု၊ သမင်ချောက်ကျေးရွာ၊ မြန်အောင်ကျေးရွာ များတွင် လေဘေးသင့် (ထပ်တိုး) ပြိုကျဘုန်းကြီးကျောင်း(၁)ကျောင်း၊ ပြိုကျပျက်စီး အိမ်ခြေ(၄)လုံး၊ အမိုးလန်အိမ်ခြေ(၂၈)လုံး၊ အိမ်ထောင်စု (၃၂)စု၊ ဘေးသင့်လူဦးရေ(၁၇၉)ဦး ဘေးသင့်ခဲ့ရာ ကျောင်း/ အိမ်ဆောက် ပစ္စည်ဖိုး (၁,၀၆၀,၀၀၀/−)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး (၃၇၅,၉၀၀/−) ကျပ်၊ စုစုပေါင်း (၁,၄၃၅,၉၀၀/-)ကျပ် (ကျပ်တစ်ဆယ့်လေး သိန်းသုံးသောင်းငါး ထောင့်ကိုးရာတိတိ)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ အိမ်ထောင်စု(၄)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု(၂၈)စုစာတို့အား (၂၂.၄.၂၀၁၉) ရက်နေ့တွင် မြိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ လေဘေး သင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgy_apr2019
Source:    ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events