လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီမှ (၁၇၀၀)နာရီအချိန်ထိ မင်းတုန်းမြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ(၃)ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ (၁)လုံးနှင့် အမိုးလန်အိမ်ခြေ (၂၃)လုံး၊ စုစုပေါင်း အိမ်ခြေ (၂၄)လုံး၊ အိမ်ထောင်စု(၂၄)စုမှ လူဦးရေစုစုပေါင်း(၈၂)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာတန်ဖိုး (၇)ရက်စာ (၁၇၂,၂၀၀)ကျပ်၊ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်တန်ဖိုး (၁၀၀,၀၀၀)၊ အမိုးလန်နေအိမ် (၂၃)လုံးအတွက် အိမ်ဆောက်ပစ္စည်တန်ဖိုး (၃၄၅,ဝဝဝ)၊ စုစုပေါင်းရန်ပုံငွေ (၆၁၇,၂၀၀)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁)အိမ်ထောင်စာ နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂၃)အိမ်ထောင်စာတို့အား (၂၂-၄-၂၀၁၉) ရက်နေ့တွင် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။