လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဟသာင်္တမြို့နယ်အတွင်းရှိ ကုလားခတ်အုပ်စု၊ လိပ်ချောင်းအုပ်စု၊ ရွာသာလက္ခုပ်အုပ်စုနှင့် ဘုရားကုန်းအုပ်စုတို့တွင် (၁၉-၄-၂၀၁၉) နေ့၌ ဖြစ်ပွားသောလေဘေးသင့် အမိုးလန်အိမ်ခြေ (၂၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၃၉၃၀၀၀)  ကျပ်၊ ဘေးသင့်လူဦးရေ (၉၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေကျပ်(၂၀၃၇၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ ( ၁၅၉၆၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၄) အိမ်ထောင်စုစာ တန်ဖိုး (၄၄၄၂၄၀) ကျပ်၊ care myanmar ပိုက်ဖျာ (၂၄) ချပ် စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၂၀၄၀၉၄၀) ကျပ်တို့အား (၂၂-၄-၂၀၁၉) ရက်နေ့တွင် ဟသာင်္တမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာကျေးရွာအုပ်စုသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။#ha_sgw
#ayy_apr2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events