လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၂၁-၄-၂၀၁၉) ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ လှည်းကူးအုပ်စု၊ ကျွန်းမီးအုပ်စု၊ ကျေးရွာ(၃)ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၉)လုံးနှင့် သာသနိကအဆောက်အအုံ(၁)လုံး စုစုပေါင်း(၁၀)လုံးအတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ(၄၇၇,၃၀၀)ကျပ်အား (၂၃-၄-၂၀၁၉)ရက်နေ့ နံနက် (၀၉၃၀)နာရီ အချိန်တွင် ပန်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw
#bgo_apr2019