လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၉) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးခရီးစဉ်တွင် ကလေးမြို့လူမှုအဖွဲ့အစည်းများနှင့် ညနေ(၁ရး၃၀) အချိန်တွင်တွေ့ဆုံခဲ့ပြီး ကယ်တင်ခြင်းလွတ်မြောက်ခြင်းအသင်း ကလေးမြို့နယ်၊ မော်စီကျေးရွာမှ လူဦးရေ (၂၀၀) ဦးအား ထမင်းကျွေးရန်အတွက်အမိုးများလိုအပ်၍ ကူညီပေးပါရန်တင်ပြလာခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ တာပေါ်လင် (၆×၃၀၀) ပေ (၁) လိပ်နှင့် (၆×၁၀၀) ပေ (၁) လိပ်ထောက်ပံပေးရန်လမ်းညွှန်ခဲ့ပါသဖြင့် (၂၂-၄-၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီတွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #h11
#sgg_apr2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)